ဘွဲ့ကြိုတန်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်းကျင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရှေးရှု၍ သစ်တောများအား စီမံအုပ်ချုပ်ရာတွင် အရည်အသွေးပြည့်ဝသည့် ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် အလို့ငှာ လက်ရှိအချိန်တွင် ဘွဲ့ကြိုသင်တန်းများကို အွန်လိုင်းအစီအစဉ်ဖြင့် ဖွင့်လှစ်သွားမည်။ အချိန်ပြည့် ဘွဲ့ကြိုသင်တန်းသားများသည် ၅-နှစ်တာ ကာလအတွင်း ဘွဲ့ဒီဂရီပေးသည့် ဘာသာရပ်ပေါင်း (၅၄) ကို တက်ရောက်ပြီးဆုံးရမည်ဖြစ်သည်။
ဘွဲ့ဒီဂရီရရှိရန် သတ်မှတ်ချက်များ
ကျောင်းသူကျောင်းသားများအနေဖြင့် ဘွဲ့ဒီဂရီရရှိရန် လိုအပ်ချက်များအားလုံးကို သိရှိနားလည်ရန်နှင့် သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီပြည့်မီရန် အလေးထားဆောင်ရွက်ကြရပါမည်။
သင်ရိုးအလိုက်သင်ကြားမှုကြာချိန်များ
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အနေဖြင့် ကျောင်းသူကျောင်းသားများ၏ သင်ခန်းစာများ လေ့လာပြီးမြှောက်မှုကို မျက်ခြေမပြတ်ဆန်းစစ်နိုင်ရန် ဘာသာရပ်သင်ရိုးအားလုံးကို သင်ရိုးအလိုက် သင်ကြားမှု ကြာချိန်များကို သတ်မှတ်ထားသည့် စနစ်ကို ကျင့်သုံးပါသည်။ စာသင်နှစ်ဝက်တိုင်းသည် (၁၅) ပတ်ကြာမြှင့်မည်ဖြစ်ပြီး ကျောင်းသူကျောင်းများ၏ အမှန်တကယ်စာသင်ချိန်အဖြစ် အနည်းဆုံး (၄၅)နာရီကြာမြှင့်မည်ဖြစ်ပါသည်။ အဆိုပါ (၄၅) နာရီတွင် သင်ခန်းစာများ စာတွေ့ပို့ချခြင်းကို အနည်းဆုံး (၁၅)နာရီ သင်ကြားရမည်ဖြစ်ပြီး ကျန် နာရီ (၃၀) မှာ ကျေင်းသားကျောင်းသူများအနေဖြင့် လက်တွေ့ဆောင်ရွက်ခြင်း၊ သင်ခန်းစာများ ဆွေးနွေးခြင်း၊ စသည့် ကိုယ်ပိုင် လေ့လာသင်ယူမှုများကို ထည့်သွင်းတွက်ချက်ပါမည်။
ဘွဲ့ကြိုတန်းပြီးမြောက်ခြင်း
- ပထမနှစ်မှ နောက်ဆုံးနှစ်ထိ စုစုပေါင်း အနည်းဆုံး ၁၄၀ Credits ရှိရမည်။
- စုစုပေါင်း အဆင့်သတ်မှတ်ချက် ပျမ်းမျှအမှတ် (CGPA) အနည်းဆုံး ၂.၀၀ သို့မဟုတ် အဆင့် အားဖြင့် (C-) ရရှိရမည်။
- လိုအပ်သော ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း၊ စာစဉ်များအစီရင်ခြင်း (Assignment)၊ လက်တွေလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစီရင်ခံစာများ တင်သွင်းတို့ကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်။
- နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများအနေဖြင့် သတ်မှတ်ထာ်သည့် စာတမ်းငယ် (Term paper) ကို ဒုတိယစာသင်နှစ်ဝက်အတွင်း အပြီးသတ်တင်သွင်းကြရမည်။
ဘာသာရပ်သင်ရိုးတစ်ခုစီအတွက် အမှတ်ပေးစနစ်
လေ့လာကြိုးစားအားထုတ်မှု | ရရှိမည့် အမှတ် (ရာခိုင်နှုန်း) |
သင်ခန်းစာများကြည့်ရှု့လေ့လာခြင်း* | 15% |
အခန်းဆုံးဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း** | 15% |
စာစဉ်များအစီရင်ခြင်း/လက်တွေ့လုပ်ငန်းဆောင်ရွက်ခြင်း | 35% |
ကြားဖြတ်အစီရင်ခံစာတင်ပြခြင်း | 15% |
နှစ်ဝက်ပြီးဆုံးချိန် နောက်ဆုံးအစီရင်ခံစာတင်ပြခြင်း | 20% |
*သင်ခန်းစာဗွီဒီယိုများကို ပြီးဆုံးသည်ထိကြည့်ရှုမှသာ ရာခိုင်နှုန်းပြည့် အမှတ်ကို ရရှိမည်ဖြစ်ပါသည်။
** အခန်းဆုံးဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းကို (၂) ကြိမ်ထိဖြေဆိုခွင့်ရှိသည်။
ဘာသာရပ်သင်ရိုးတစ်ခုစီ၏ စည်းမျဉ်းစည်းကမ်းချက်များ
ကျောင်းသူကျောင်းသားသည် အောက်ဖော်ပြအခြေအနေ တစ်ရပ်ရပ်အတိုင်း ရလဒ်များ ရရှိပါက ကျရှုံးအဖြစ် သတ်မှတ်မည်ဖြစ်သည်။
- စုစုပေါင်းအမှတ်သည် အဆင့် (D) အောက်လျော့နည်းခြင်း
- သင်ခန်းစာများကြည့်ရှု့လေ့လာခြင်း/ အတန်းတက်ရောက်ခြင်း ၇၅% အောက်သာ ရှိခြင်း (ကျောင်းသူကျောင်းသားသည် အများဆုံး အတန်းချိန် ၇ ကြိမ်ထိသာ ပျက်ကွက်ခွင့်ရှိသည်)
- စာစဉ်များကို အစီရင်ခံတင်ပြရာတွင် ဝတ်ကြေတန်းကြေ အလေးမထား တင်ပြခြင်း
- အခြားသူများထံမှ ပုံတူကူးချခြင်း
အကယ်၍ ဘာသာရပ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဘာသာရပ်များတွင် ကျရှုံးနေပါက သို့မဟုတ် အဆင့်သတ်မှချက် (F) ရရှိနေပါက နောက်စာသင်နှစ်ဝက်တွင် တစ်ပေါင်းတည်း ဖြေဆိုနိုင်သည်/ ဖြေဆိုရမည်။
