ပညာရေးဆိုင်ရာအချက်အလက်များ

ပညာရေးစနစ်

ဘာသာရပ်ရွေးချယ်သင်ကြားသည့်စနစ်မှာ လက်ရှိကာလတွင် သင်ကြားနိုင်ခြင်းမရှိသေးသော်လည်း တက္ကသိုလ်သည် ကျောင်းသား၊ကျောင်းသူများအတွက် လိုအပ်မည်ဖြစ်သောဘာသာရပ်များကို ရွေးချယ်သင်ကြားနိုင်စေရန်  စီစဉ် သွားမည် ဖြစ်ပါသည်။

  • ပထမစာသင်နှစ်ဝက်သည် နိုဝင်ဘာလတွင် စတင်မည်ဖြစ်ပြီး မတ်လတွင် အဆုံးသတ်မည်ဖြစ်ပါသည်။
  • ဒုတိယစာသင်နှစ်ဝက်သည် ဇွန်လတွင် စတင်မည်ဖြစ်ပြီး အောက်တိုဘာလတွင် အဆုံးသတ်မည်ဖြစ်ပါသည်။

ပုံမှန်စာသင်တန်းများ

ဘာသာရပ်ရွေးချယ်သင်ကြားသည့်စနစ်မှာ လက်ရှိကာလတွင် သင်ကြားနိုင်ခြင်းမရှိသေးသော်လည်း တက္ကသိုလ်သည် ကျောင်းသား၊ကျောင်းသူများအတွက် လိုအပ်မည်ဖြစ်သောဘာသာရပ်များကို ရွေးချယ်သင်ကြားနိုင်စေရန် စီစဉ် သွားမည် ဖြစ်ပါသည်။

အမှတ်ပေးစနစ်

ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခြေအနေကို အမှတ်ပေးရန်အတွက် အောက်ဖော်ပြပါ အဆင့်သတ်မှတ်ချက် များဖြင့် ရည်ညွှန်းဖော်ပြသွားမည်ဖြစ်ပါသည်။

အဆင့်သတ်မှတ်ချက်

အဓိပ္ပါယ်

ရရှိမည့် အမှတ် (ရာခိုင်နှုန်း)

GPA

     A+

ထူးချွန်သော

95 +

4.00

     A

အထူးကောင်းမွန်သော - ထူးခြားသောအောင်မြင်မှု

90 – 94

3.75

     A-

အထူးကောင်းမွန်လုနီးပါး - ကျယ်ပြန့်သောအောင်မြင်မှု

85 – 89

3.50

     B+

အလွန်ကောင်းသော

80 – 84

3.25

     B

ကောင်းမွန်သော - ကြီးမားသောအောင်မြင်မှု

75 – 79

3.00

     B-

သင့်တင့်သောကောင်းမွန်မှု - လက်ခံနိုင်လောက်သောအောင်မြင်မှု

70 – 74

2.75

     C+

သင့်တင့်သော

65 – 69

2.50

     C

စိတ်ကျေနပ်ဖွယ်ကောင်းသော

60 – 64

2.25

     C-

စိတ်ကျေနပ်ဖွယ်အနည်းငယ်ကောင်းသော

55 – 59

2.00

     D

ညံ့ဖျင်းသော - အနည်းဆုံးအောင်မြင်မှု

50 – 54

1.75

     F

ကျရှုံးသော

0 – 49

0.00

အမှတ်ပေးမှုပုံစံများသည် စာသင်နှစ်ဝက်တစ်ခုချင်းစီ၏ ပြီးဆုံးမှုအပေါ် အခြေခံ၍ တွက်ချက်ပါသည်။ တွက်ချက်မှုတွင် အတန်းတက်ရောက်မှု၊ ဉာဏ်စမ်းဖြေဆိုနိုင်မှု၊Assignment များ တင်သွင်းနိုင်မှု၊ အစီရင်ခံစာ၊ စာသင်နှစ်ဝက်နှင့် စာသင်နှစ်ဆုံး အရည်အချင်းစစ်ဆေးမှုလွှာတင်သွင်းမှုအပေါ် အခြေခံ၍ တွက်ချက်ပါသည်။

တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း

တောတွင်းလက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်းသည် ပညာရည်ချင်းဆန်းစစ်အကဲဖြတ်ခြင်းတွင် ကျောင်းသူကျောင်းသားများ မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါသည်။ ပညာသင်ကာလ ၅နှစ်အတွင်း စာသင်နှစ်တိုင်း၏ ဒုတိယစာသင်နှစ်ဝက်တန်းတွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် သစ်တောပညာရပ်များနှင့်ပတ်သက်၍ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရှိ သစ်တောကြိုးဝိုင်းများအတွင်း ကွင်းဆင်းဆောင်ရွက်ကြရပါသည်။ ပညာသင်နှစ်အလိုက် သတ်မှတ်ထားသော သစ်တောလုင်ငန်းများကို လက်တွေ့ဆောင်ရွက်ကြရပါသည်။ လက်တွေ့ကွင်းဆင်းဆောင်ရွက်သည့် ကာလမှာ အနည်းဆုံး (၂)ပတ် မှ အများဆုံး (၁)လကြာမြင့်ပါသည်။ ယခု COVID-19 ရောဂါကူးစက်မှုကာလအတွင်းနှင့် မြန်မာတပ်မတော်၏ အာဏာသိမ်းမှုကာလအတွင်း နယ်မြေလုံခြုံရေးအခြေအနေကြောင့် တောတွင်းလက်တွေ့ ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းများ ရပ်နားထားပါသည်။

 

field 6
field 7
field 2