သဘာဝသယံဇာတ စီမံခန့်ခွဲမှုပညာဌာန

လူသားတို့သည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မြေပေါ်မြေအောက် သဘာဝသယံဇာတ အရင်းအမြစ်အမျိုးမျိုးကို မှီခိုထုတ်ယူ သုံးစွဲလျက်ရှိကြသည်။ ဆန်းသစ်လာသော နည်းပညာများအသုံးချလျက် သဘာဝသယံဇာတများကို ထုတ်ယူလျက်ရှိရာ သဘာဝပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုများဖြစ်ပေါ်လာကြသည်။ သဘာဝသယံဇာတများတွင် ပြန်လည်ဖြစ်ထွန်းနိုင်သောသယံဇာတဖြစ်စေ ပြန်လည်မဖြစ်ထွန်းနိုင်သော သယံဇာတများဖြစ်စေ သယံဇာတများ လူသားတို့၏ လိုအပ်ချက်အရ ထုတ်ယူသုံးစွဲမှုနှင့် သဘာဝမှပေးစွမ်းနိုင်မှု သဟာဇာတမျှနေရန် အရေးကြီးပါသည်။ ထုတ်ယူသုံးစွဲရတွင်လည်း ပတ်ဝန်းကျင်ကို အထိခိုက်မှု အနည်းဆုံးဖြင့် ထာဝစဉ်ညီ ထုတ်ယူသုံးစွဲရန် စီမံခန့်ခွဲအုပ်ချုပ်ရန်လိုအပ်ပါသည်။ သဘာဝသယံဇာတများ စနစ်တကျထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းစသည့် ပညာရပ်များကို အဓိကထားသင်ကြားပေး လျက်ရှိပါသည်။