အကျဉ်း
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်-ရေဆင်းသည် အစဉ်အလာကြီးမားပြီး ဂုဏ်သတင်းကြော်ဇောမှုရှိသော တက္ကသိုလ်ဖြစ်သည်နှင်အညီ ပြည်တွင်းပြည်ပ နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပညာရေးနှင့်သုတေသနဆိုင်ရာကွန်ယက်များ ချိတ်ဆက်ပြီး အဆင့်မြင့်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
မိတ်ဖက်များ
ယခင်က ဂျာမန်ပညာရေးဆိုင်ရာ ပူးပေါင်းဖလှယ်နိုင်ဝန်ဆောင်မှုအဖွဲ့အစည်း (DAAD)၏ အစီအစဉ်ဖြင့် ဂျာမနီနိုင်ငံ ဂေါ့တင်ဂန်တက္ကသိုလ် (University of Göttingen - Georg-August-Universität Göttingen) နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွဲ့ဖို့းတိုးတက်ရေးအတွက် ပညာရေးနှင့် သုတေသနဖွံ့ဖြိုးတိုးတက်စေရန် တက္ကသိုလ်၂ခုမှ ဆရာဆရာမများ၊ ဘွဲ့လွန်ကျောင်းသူကျောင်းသားများနှင့် နည်းပညာဝန်ထမ်းများ အပြန်အလှန်စေလွှတ်ခြင်းများဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ အောက်ပါနိုင်ငံတကာတကာအဖွဲ့အစည်း၊ တက္ကသိုလ်များနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီး ပညာရေးနှင့်သုတေသနဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်-
- ဂျာမနီနိုင်ငံ Emst-Moritz-Amdt-University Greifswald (EMAU)နှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်နေပါသည်။
- ဖင်လန်နိုင်ငံ Natural Resources Institute Finland (LUKE)နှင့် ဆရာဆရာများ၏ သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန် ပူးပေါင်းဆောင်ရွက်နေပါသည်။
- ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ် (Kyoto University) နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကျောင်းသူကျောင်းသားများ အပြန်အလှန်စေလွှတ်ခြင်းများ လက်တွဲဆောင်ရွက်နေပါသည်။
- ဂျပန်နိုင်ငံ တောရိုင်းတိရစ္ဆာန်သုတေသနဗဟိုဌာန Japanese Wildlife Research Center (JWRC)နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ သုတေသနမူနာများစုဆောင်းခြင်းဆိုင်ရာ အသိပညာများဖွဲ့ဖြိုးတိုးတက်လာစေရန် လိုအပ်သော သုတေသနကွင်းဆင်းသုံးကိရိယာများ ထုတ်လုပ်ခြင်းအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးအဖွဲ့-မြန်မာနိုင်ငံအစီအစဉ် (Wildlife Conservation Society (WCS) Program, Myanmar)နှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ပူးပေါင်းဆောင်၇ွက်လျက်ရှိပါသည်။
သဘောတူညီချက်များ
နိုင်ငံမိတ်ဖက်များနှင့် ပညာရေး၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန်နှီးနှောဖလှယ်ခြင်းများ တိုးမြှင့်ဆောင်ရွက်ကြရန် နားလည်မှုစာချွန်လွှားများ လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်လက်ရှိပါသည်။
