ရေရှည်တည်တံ့စေမည့် သစ်တောနှင့်သစ်တောဂေဟဗေဒပညာဌာန

ရေရှည်တည်တံ့စေမည့် သစ်တောနှင့်သစ်တောဂေဟဗေဒပညာဌာနသည် သစ်တောပညာမဟာဌာနတွင်ရှိသော ဌာနကြီး လေးခုအနက်တစ်ခုအပါအဝင်ဖြစ်ပါသည်။ သိပ္ပံနှင့်သုတေသနလုပ်ငန်းများကို အထူးအလေးထားပြီး ရေရှည် တည်တံ့သောသစ်တော၊ သစ်တောဂေဟဗေဒ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း နှင့် ပညာပေးလုပ်ငန်းများကို ခေတ်နှင့်တပြေးညီသိရှိနားလည်ပြီး ပါဝင်လုပ်ဆောင်လိုပါသလား? သစ်တော သယံဇာတများ၊ သစ်တောဂေဟဗေဒနှင့် ပြောင်းလဲမှုဖြစ်စဉ်များကို ဆန်းစစ်နိုင်ရန်အလို့ငှာ သစ်တောသယံဇာတစာရင်းခြင်းနှင့် အဝေးမှစူးစမ်းလေ့လာခြင်း ဘာသာရပ်များကို သင်ကြားပို့ချပေးပါသည်။ သင်သည်အဆိုပါလုပ်ငန်းများတွင် စိတ်အား ထက်သန်သူဖြစ်ပါက ရေရှည်တည်တံ့သောသစ်တောနှင့်သစ်တောဂေဟဗေဒဌာနသည် သင့်အတွက်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဖော်ပြထားသည့် နယ်ပယ်များကို နက်နက်နဲနဲ နားလည်လာစေမည့် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်း များနှင့် သင်ယူမှုနေရာများကို ကျွန်ုပ်တို့က သင့်အတွက် ဖန်တီးပေးမည်ဖြစ်ပါသည်။

IMG 2825
Than 2
Evergreen forest 5