ဘာသာစကားများဌာန
မြန်မာနိုင်ငံ၏ မိခင်ဘာသာစကားဖြစ်သော မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာစကားများကို အဓိကထား သင်ကြားပေးလျက်ရှိပါသည်။ ရုံးလုပ်ငန်းသုံး အရေးအသားများ မှန်ကန်စနစ်ကျမှု ရှိစေရေးအတွက် မြန်မာဘာသာစကားကို သင်ကြားပေးလျက်ရှိပါသည်။ ပြဋ္ဌာန်းဘာသာရပ်များ၊ သင်ထောက်ကူများအား အင်္ဂလိပ်ဘာသာဖြင့် ၁၀၀ရာခိုင်နှုန်း ပြဋ္ဌာန်းထားပြီး ကျောင်းသူကျောင်းသားများအနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ရေးဖြေစာမေးပွဲများဖြေဆိုကြရခြင်း၊ သုတေသနကျမ်း များအား ရေးသားပြုစုရခြင်း၊ ဆရာများအနေဖြင့် သင်ခန်းစာများကို မြန်မာ-အင်္ဂလိပ်ဘာသာ (၂၀-၈၀ ရာခိုင်နှုန်း)ဖြင့် သင်ကြားပေးခြင်းတို့ကြောင့် အင်္ဂလိပ်ဘာသာ စကားအား ကျောင်းသုံးဘာသာစကားအဖြစ် သင်ကြားပေးလျက်ရှိပါသည်။ အခြားသော နိုင်ငံခြားဘာသာစကား ဖြစ်သည့် ဂျပန်၊ တရုတ်၊ ဂျာမန်၊ ကိုရီးယား ဘာသာစကားများကိုလည် အခြားတက္ကသိုလ်များနှင့် ပူးပေါင်းကာ သင်ကြားပေးလျက်ရှိပါသည်။
