ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ခြင်းနှင့် စီမံခန့်ခွဲမှုပညာဌာန
ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် လူးသားတို့၏ ပရောဂကြောင့် ဆိုးရွားသည့်အခြေအနေသို့ ရောက်လာသကဲ့သို့ လူသားတို့၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးတို့ကို ထိခိုက်လျက်ရှိပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုရာတွင် ရေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်းတို့ကို လူတို့၏ စွန့်ပစ်ပစ္စည်းမျိုးစုံတို့ကြောင့် ဖြစ်ပေါ်လာကြရသည်။ ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ရန် စနစ်တကျစီမံခန့်ခွဲမှုသည် အလွန်အရေးကြီးပါသည်။ ထိရောက်သော စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်ရန် သိပ္ပံအခြေပြု သုတေသနများ စူးစမ်းလေ့လာ လက်တွေ့ကျကျ ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ ပတ်ဝန်းကျင်ဟုဆိုရာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြပတ်ဝန်းကျင်၏ဟူ၍ ခွဲခြားပြီး မတူညီသော နည်းလမ်းများဖြင့် စီမံခန့်ခွဲရန်လိုအပ်ပါသည်။ အဆိုပါ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သိပ္ပံနည်းကျ ထိန်းချုပ်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို အဓိကထား သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

